၁ ရာ​ချုပ် 4:4-10 BJB

4 ဂေဒေါ်အဘပေနွေလ၊ ဟုရှအဘ ဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုးအနွယ်တည်း။

5 တေကော အဘ အာရှုရသည် ဟေလနှင့် နာရအမည်ရှိသော မယားနှစ်ယောက်ရှိ၏။

6 နာရဘွားမြင်သော သားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။

7 ဟေလဘွားမြင်သော သားကား ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။

8 ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိသော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း။

9 ထိုအဆွေအမျိုး၌ ယာဗက်သည်ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။

10 ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုအစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။