၁ ရာ​ချုပ် 4:8-14 BJB

8 ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိသော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း။

9 ထိုအဆွေအမျိုး၌ ယာဗက်သည်ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။

10 ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုအစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။

11 ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရသား ဧရှတုန်တည်း။

12 ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္နတည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့သည် ရေခါအမျိုးသားဖြစ်ကြ၏။

13 ကေနတ်သားကား ဩသံယေလနှင့် စရာယတည်း။ ဩသံယေလသားကား ဟာသတ်နှင့် မောနောသဲတည်း။

14 မောနောသဲသားကား ဩဖရာတည်း။ စရာယသားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမားဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။