၁ ရာ​ချုပ် 5:23-26 BJB

23 မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန်မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင်တိုင်အောင် ပွားများလျက်နေ၏။

24 အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အားကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။

25 သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသောပြည်သား တို့ဘုရားများနှင့် မှားယွင်းကြ၏။

26 သို့ဖြစ်၍ ဣသရေလအမျိုး၏ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့် ရှင်ဘုရင်တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင် နေရာချထား၏။