၁ ရာ​ချုပ် 6:28-39-43 BJB

28 ရှမွေလသားဦးကား ယောလ၊ ဒုတိယသား အဘိယတည်း။

29 မေရာရိသားကားမဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသားဩဇ၊

30 ဩဇသားရှိမာ၊ ရှိမာသား ဟဂ္ဂျာ၊ ဟဂ္ဂျာသား အသာယတည်း။

31 ထာဝရဘုရား၏ သေတ္တာတော်သည် ငြိမ်ဝပ်သောအခါ၊ အိမ်တော်၌ သီချင်းဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ၊ ဒါဝိဒ်မင်းခန့်ထားသောသူတို့သည်၊

32 ယေရုရှလင်မြို့၌ ဗိမာန်တော်ကို ရှောလမုန်မတည်မှီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တည်ရာအရပ်၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ၏။ ဗိမာန်တော်ကို တည်ပြီးသောနောက်၊ မိမိတို့ အလှည့်အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ၏။

33-38 ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တပါး။

39-43 လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှဆင်းသက်သော အာသပ်၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ်တပါး၊