၁ ရာ​ချုပ် 6:59-65 BJB

59 အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့်မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တို့ကို၎င်း၊

60 ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့်မြို့နယ်၊ ဂေဗမြို့နှင့်မြို့နယ်၊ အာလမက်မြို့နှင့် မြို့နယ်၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ အာရုန်၏သားမြေးတို့သည် အဆွေ အမျိုးအလိုက်ရ၍၊ မြို့ပေါင်းကား တဆယ်သုံးမြို့တည်း။

61 ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။

62 ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲက မြို့တဆယ်သုံးမြို့တို့ကို ရကြ၏။

63 မေရာရိသားအဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တဆယ်နှစ်မြို့တို့ကို ရကြ၏။

64 ဤမည်သော မြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။

65 အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲကပေးကြ၏။