၁ ရာ​ချုပ် 6:62-68 BJB

62 ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲက မြို့တဆယ်သုံးမြို့တို့ကို ရကြ၏။

63 မေရာရိသားအဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တဆယ်နှစ်မြို့တို့ကို ရကြ၏။

64 ဤမည်သော မြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။

65 အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲကပေးကြ၏။

66 ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် ဧဖရိမ်ခရိုင်ထဲကရသည်အတိုင်း၊

67 ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။

68 ထိုမှတပါး၊ ဂေဇာမြို့နှင့်မြို့နယ်၊ ယောကမံမြို့ နှင့်မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့်မြို့နယ်တို့ကို၎င်း၊