9 အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။
10 ယောဟန်သားကား၊ ယေရုရှလင်မြို့မှာ ရှောလမုန်တည်သော ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း။
11 အာဇရိသားကား အာမရိ၊ အာမရိသား အဟိတုပ်၊
12 အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား ရှလ္လုံ၊
13 ရှလ္လုံသား ဟိလခိ၊ ဟိလခိသား အာဇရိ၊
14 အာဇရိသား စရာယ၊ စရာယသား ယောဇဒက်တည်း။
15 ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရားသိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။