၁ ရာ​ချုပ် 7:1-5 BJB

1 ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။

2 တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။

3 ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။

4 သူတို့၌ သားမယားများသောကြောင့်၊ အဆွေအမျိုးအသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်းခြောက်ထောင် ရှိကြ၏။

5 သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်းတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ၏။