၁ ရာ​ချုပ် 7:7-13 BJB

7 ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။

8 ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။

9 သားစဉ်မြေးဆက်စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီးအသီးအလိုက်၊ ခွန်အားကြီးသော သူရဲနှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ၏။

10 ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။

11 အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍စစ်တိုက်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်းခုနစ်ထောင်နှစ်ရာ ရှိကြ၏။

12 ထိုမှတပါး၊ ရှုပိမိ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသားရှိသတည်း။

13 နဿလိသည် ဗိလဟာတွင် မြင်သောသားကား၊ ဟာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။