၁ ရာ​ချုပ် 9:2-8 BJB

2 နောက်တဖန်ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံး နေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်အသီးအသီး ဖြစ်ကြ၏။

3 ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊

4 ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတပါး၊

5 ရှိလေနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ၏သားတစု၊

6 ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း။

7 ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊

8 ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သားဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊