၁ ရာ​ချုပ် 9:24-30 BJB

24 တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။

25 ရွာတို့၌နေသော အပေါင်းအဘော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက်လာရ ကြ၏။

26 ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေးယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင်၏အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရကြ၏။

27 ထိုသို့စောင့်၍ နံနက်တိုင်းတံခါးကို ဖွင့်ရသောကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရကြ၏။

28 အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာများကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ၏။

29 အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော်တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု၍စောင့်ရကြ၏။

30 ယဇ်ပုရောဟိတ်အမျိုးသားအချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ၏။