၂ ရာ​ချုပ် 10:1-5 BJB

1 ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား၍၊ သူသည်လည်း သွား၏။

2 ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ ပြေးသောနေဗတ်၏သား ယေရောဗောင်သည်၊ ထိုသိတင်းကို ကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။

3 ဣသရေလလူတို့သည် သူ့ထံသို့ လူကို စေလွှတ်၍ ခေါ်သဖြင့်၊ လူအပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ဝင်လျက်၊

4 ခမည်းတော်သည် ကျွန်တော်တို့၌ လေးသော ထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုး လေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော်တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။

5 ရောဗောင်ကလည်း၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။