၂ ရာ​ချုပ် 11:4-10 BJB

4 သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှါ ချီ၍ မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွား ကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကိုနားထောင်၍၊ ယေရော ဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။

5 ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည်၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊

6 ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊

7 ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊

8 ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊

9 အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊

10 ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်းဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ၏။