1 ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏တရားတော်ကို စွန့်၍၊
2 ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရောဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင်၊
3 အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတထောင် နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊
4 ယုဒပြည်၌ခိုင်ခံ့သော မြို့တို့ကိုတိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
5 ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော်ကို ဆင့်ဆိုလျှင်၊