၂ ရာ​ချုပ် 12:8-14 BJB

8 သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါး အမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်ငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော်မူ၏။

9 အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။

10 ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။

11 ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။

12 ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌ လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊

13 ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသေး၏။ေရာေဗာင်သည်နန်းထိုင်ေသာအခါ အသက်ေလးဆယ်တနှစ်ရှိ၏။ ထာ၀ရ ဘုရားသည်နာမ ေတာ်တည်စရာဘို့၊ ၕၕဣသရေလခရိုင်များတို့အထဲက ေရွးေကာက်ေသာေယရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ်စိုးစံေလၔ၏။ မယ်ေတာ်ကားအမ္မုန်အမျိုးသား၊ ေနမအမည်ရှိ၏။

14 ထာဝရဘုရားကို ရှာလိုသောငှါ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။