၂ ရာ​ချုပ် 14:12-15 BJB

12 ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။

13 အာသနှင့်သူ၏လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။

14 ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာဥစ္စာအများတို့ကို သိမ်းယူကြ၏။

15 တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက် လျက်၊ သိုးနှင့် ကုလားအုပ်များတို့ကို သိမ်းယူ၍။ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။