၂ ရာ​ချုပ် 15:12-18 BJB

12 ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊

13 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ်မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊

14 ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။

15 ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကိုရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။

16 အာသမင်းကြီး၏ အဘွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနှုတ်၍၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။

17 မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ် ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသစိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။

18 ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထားတော်မူ၏။