၂ ရာ​ချုပ် 17:1-6 BJB

1 အာသသားယောရှဖတ်သည် ခမည်းတော် အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ၏။

2 ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ်သားများကိုထား၏။ ယုဒပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။

3 ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊

4 ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊

5 နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင်များကို ဆောင်ခဲ့ကြ၏။

6 ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့်သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှားတော်မူ၏။