၂ ရာ​ချုပ် 19:1-5 BJB

1 ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာ ပြန်လာ၏။

2 ဟာနန်သားပရောဖက်ယေဟုသည်၊ ယောရှဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင့်သလော။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အမျက်တော်သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။

3 သို့သော်လည်း၊ မင်းကြီးသည် တပြည်လုံးတွင်၊ အာရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှါ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီ ဟု ဆို၏။

4 ထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌ နေ၏။ တဖန်ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင် တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်စေတော်မူ၏။

5 ယုဒနိုင်ငံတွင်၊ ခိုင်ခံ့သောမြို့ရှိသမျှအသီးအသီးတို့၌ တရားသူကြီးတို့ကို ခန့်ထား၍၊