၂ ရာ​ချုပ် 25:9-15 BJB

9 အာမဇိက၊ ဣသရေလတပ်ကိုငှါး၍ ငွေအခွက်တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရားသခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။

10 ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွားေစခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊မိမိတို့ နေရာ သို့ပြန်သွားကြ၏။

11 အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့်ကို တပ်ချီသဖြင့်၊ စိရတောင်သားတသောင်းကို လုပ်ကြံလေ၏။

12 ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင်ဘမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ၏။

13 ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။

14 အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရားတို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှါ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာ ပေါင်းကို မီးရှို့လေ၏။

15 ထာဝရဘုရားသည် အာမဇိကိုအမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရားတို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင်၊