၂ ရာ​ချုပ် 30:24-27 BJB

24 ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။

25 ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ်များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသားတို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။

26 ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက်ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သားရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှလောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။

27 ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသောကျိန်းဝပ်တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။