၂ ရာ​ချုပ် 30:8-14 BJB

8 သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။

9 သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာလျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွားသော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံတော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော်မမူဟု စာ၌ပါသတည်း။

10 စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။

11 သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့လာကြ၏။

12 ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရားသခင်တန်ခိုးတော်ကြောင့် ရကြ၏။

13 ဒုတိယလတွင် အဇုမပွဲကိုခံလိုသောငှါ၊ များစွာသောလူတို့သည် ယေရုရှလင်မြို့၌စည်းဝေးကြ၍၊ အလွန်ကြီးသောပရိသတ် ဖြစ်လေ၏။

14 သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသောယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။