၂ ရာ​ချုပ် 31:1-5 BJB

1 ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။

2 ယဇ်ပုရောဟိတ်လေဝိသားတို့သည်၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်းစောင့်လျက်၊ ထာဝရဘုရား၏ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူးတော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဟေဇကိခန့်ထားတော်မူ၏။

3 ထာဝရဘုရား၏ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။

4 ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရုရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည်အကြောင်း မိန့်တော်မူ၏။

5 ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။