၂ ရာ​ချုပ် 31:4-10 BJB

4 ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရုရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည်အကြောင်း မိန့်တော်မူ၏။

5 ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။

6 ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်းဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။

7 တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။

8 ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရားသခင်၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။

9 ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိသည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊

10 ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိက၊ ပူဇော်သက္ကာတို့ကို၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့်၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။