၂ ရာ​ချုပ် 32:24-30 BJB

24 ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသောတန်ခိုးတော်ကို ခံရ၏။

25 သို့ရာတွင် ဟေဇကိသည် မိမိခံရသောကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှားသော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။

26 သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှားသော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော်ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက်ရောက်။

27 ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ်အသရေရှိ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သောတန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။

28 စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ၏။

29 ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွားတို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာသောဥစ္စာကို ပေးသနားတော်မူ၏။

30 ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။