၂ ရာ​ချုပ် 32:27-33 BJB

27 ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ်အသရေရှိ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သောတန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။

28 စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ၏။

29 ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွားတို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာသောဥစ္စာကို ပေးသနားတော်မူ၏။

30 ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။

31 သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဘွယ်သောအမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သောအမှုမှာ၊ ဟေဇကိမင်း၏သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။

32 ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရောဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။

33 ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်၏သားတော် မြေးတော်တို့ သင်္ချၖိုင်းတွင် အမြတ်ဆုံးသောသင်္ချၖိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။