၂ ရာ​ချုပ် 33:1-6 BJB

1 မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။

2 ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှာ၊ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။

3 ခမည်းတော်ဟေဇကိဖျက်ဆီးသော ကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်တို့ကိုလည်း ပြုစု၏။ မိုဃ်းကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြုကိုးကွယ်၏။

4 ယေရုရှလင်မြို့၌ ငါ့နာမကိုအစဉ် ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊

5 ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင်၊ မိုဃ်းကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။

6 မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့်နတ်ဝင် တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌များစွာသော ဒုစရိုက်ကို ပြု၏။