၂ ရာ​ချုပ် 33:2-8 BJB

2 ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှာ၊ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။

3 ခမည်းတော်ဟေဇကိဖျက်ဆီးသော ကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်တို့ကိုလည်း ပြုစု၏။ မိုဃ်းကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြုကိုးကွယ်၏။

4 ယေရုရှလင်မြို့၌ ငါ့နာမကိုအစဉ် ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊

5 ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင်၊ မိုဃ်းကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။

6 မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့်နတ်ဝင် တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌များစွာသော ဒုစရိုက်ကို ပြု၏။

7 ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့်သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သောဗိမာန်တော်ထဲမှာ၊ မိမိပြုစုသော ရုပ်တုနှင့် တူအောင်လုပ်သော ရုပ်တုတခုကိုတင်ထား၏။

8 ငါမှာထားသမျှအတိုင်း၊ မောရှအားဖြင့် စီရင်ထုံးဖွဲ့သမျှသော တရာအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊