၂ ရာ​ချုပ် 34:1-6 BJB

1 ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ် စိုးစံလေ၏။

2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၍၊ လက်ျာဘက်လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ၏။

3 အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘဒါဝိဒ်၏ ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တဆယ်နှစ် နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု၏။

4 ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော်၌ ဖြိုချ၍၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တုတို့ကို ခုတ်လှဲကြ၏။ အာရှရပင်များနှင့် ထုသောရုပ်တု၊ သွန်းသောရုပ်တုများကိုချိုးဖဲ့၍ ညက်ညက်ချေပြီးလျှင်၊ ယဇ်ပူဇော်သောသူတို့၏ သင်္ချၖိုင်းပေါ်မှာဖြန့်ဖြူးတော် မူ၏။

5 ယဇ်ပုရောဟိတ်တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာအပေါ်မှာ မီးရှို့၍၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ်စေတော်မူ၏။

6 ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင်ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊