၂ ရာ​ချုပ် 35:15-21 BJB

15 ဒါဝိဒ်နှင့် ရှင်ဘုရင်၏ ပရောဖက်အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့စီရင်သည်အတိုင်း၊ အာသပ်အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင်၊ တံခါးရှိသမျှ တို့ကို စောင့်ကြ၏။ သူတို့ညီအစ်ကိုလေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ၏။

16 ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍ ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော်ခြင်းငှါ၊ ထာဝရဘုရားအား ပြုရသော ဝတ်အလုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ၏။

17 စည်းဝေးသောဣသရေလအမျိုးသားတို့သည်၊ ထိုအခါပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက်ပတ်လုံးခံကြ၏။

18 ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသောယုဒပြည်၊ ဣသရေလပြည်သား၊ ယေရုရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သောပွဲကို ပရောဖက်ရှမွေလလက်ထက်မှစ၍ ဣသရေလ နိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင်တယောက်မျှ မခံ။

19 ယောရှိမင်းနန်းစံဆယ်ရှစ်နှစ်တွင်၊ ထိုပသခါပွဲကို ခံကြ၏။

20 ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ ထွက်လေ၏။

21 အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သောအမျိုးကိုစစ်ချီ၏။ ငါအလျင်အမြန်ပြုမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ။ ငါ့ဘက်၌ ရှိသောဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့်ကိုဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ်၍ မှာလိုက်လေ၏။