၂ ရာ​ချုပ် 35:24-27 BJB

24 ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့ သင်္ချၖိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည်၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

25 ယေရမိသည်လည်း မြည်တမ်းသောစကားကိုစီရင်၍ သီချင်းသည်ယောက်ျားမိန်းမရှိသမျှတို့သည်၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက်၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်းစာ၌ ရေးထားလျက်ရှိသတည်း။

26 ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း ကျေးဇူးပြုခြင်း၊

27 အကျင့်ကျင့်ခြင်းအရာအစ အဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။