၂ ရာ​ချုပ် 35:7-13 BJB

7 စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲခံစရာဘို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ်သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။

8 မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အား ပေးကြ၏။ ဗိမာန်တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဘို့ သိုးဆိတ်နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အားပေးကြ၏။

9 လေဝိသားအကြီးအကဲ၊ ကောနနိ၊ ရှေမာယ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်၊ နာသနေလနှင့် သူ၏ညီများတို့သည်လည်း၊ ပသခါပွဲခံစရာဘို့ သိုးဆိတ်ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ၏။

10 ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း၊ ဝတ်ပြုစရာပြင်ဆင်၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ၌ရပ်၍၊ လေဝိသားတို့သည် မိမိတို့ အမှုကို ဆောင်ရွက်ကြ၏။

11 ပသခါသိုးသငယ်ကိုသတ်၍၊ ယဇ်ပုရောဟိတ်တို့သည် အသွေးကို လက်နှင့်ဖြန်းလျက်၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ၏။

12 မောရှေကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ထာဝရဘုရားအား ပူဇော်စရာဘို့ လူများအဆွေအမျိုးအလိုက် အသီးအသီးတို့အားပေးဝေခြင်းငှါ၊ မီးရှို့ရာယဇ်များနှင့် နွားများကို ခွဲထားကြ၏။

13 ထုံးဖွဲ့တော်မူသည်အတိုင်း၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသော ပူဇောသက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရား၌ ပြုတ်၍ လူအပေါင်းတို့အား အလျင်အမြန် ဝေဖန်ကြ၏။