၂ ရာ​ချုပ် 4:1-5 BJB

1 အလျားအတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင် ကိုလည်း လုပ်လေ၏။

2 အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။

3 ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီး ရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏။

4 နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။

5 ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ၏။ ရေဗတ်သုံးထောင်ဝင်နိုင်၏။