၂ ရာ​ချုပ် 4:6-12 BJB

6 မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း။

7 ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ်၍ ဗိမာန်တော်အတွင်း လက်ျာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။

8 စားပွဲဆယ်ခုကိုလည်း လုပ်၍ ဗိမာန်တော် အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတရာကိုလည်း လုပ်လေ၏။

9 ယဇ်ပုရောဟိတ်တန်တိုင်း၊ ပြင်တန်တိုင်းကြီး၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ်၍တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။

10 ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။

11 ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရားသခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူ ကား၊

12 တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊