15 သူသည် သင်နှင့် ခေတ္တခဏကွဲကွာခဲ့ခြင်းမှာ သင်သည် သူ့ကို ထာဝစဉ်ရရှိနိုင်ရန်အတွက် ဖြစ်ကောင်းဖြစ်လိမ့်မည်။
16 ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။
17 သို့ဖြစ်၍ သင်သည် ငါ့ကို လုပ်ဖော်ဆောင်ဖက်အဖြစ်မှတ်ယူလျှင် ငါ့ကိုလက်ခံသကဲ့သို့ သူ့ကိုလက်ခံပါလော့။
18 အကယ်၍ သူသည် သင့်အပေါ်၌ ပြစ်မှားခြင်း၊ အကြွေးတင်ခြင်း တစ်စုံတစ်ခုရှိလျှင် ထိုအရာကို ငါ့တာဝန်ထားလော့။
19 ငါပေါလုသည် ပြန်လည်ပေးဆပ်ပါမည်ဟု ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ သင်ကိုယ်တိုင်လည်း ငါ့အား အကြွေးတင်နေကြောင်းကို ငါမပြောလိုပါ။
20 ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။
21 သင်၏နာခံခြင်းကို ယုံကြည်စိတ်ချ၍ ငါပြောသောအရာထက်ပင် သင်ပို၍ပြုမည်ကို သိလျက် သင့်ထံသို့ ငါစာရေးလိုက်ပါ၏။