ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1 MSB

နှုတ်​ခွန်း​ဆက်​ခြင်း

1 ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​တို့​သည် ချစ်​ရ​သော​ငါ​တို့​၏​လုပ်​ဖော်​ဆောင်​ဖက် ဖိ​လေ​မုန်​မှ​စ​၍

2 ငါ​တို့​နှ​မ​အပ္ပိ၊ ငါ​တို့​၏​ရဲ​ဘော်​ရဲ​ဘက်​အာ​ခိပ္ပု​နှင့် သင်​၏​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

ဖိ​လေ​မုန်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း

4 ငါ​သည် ငါ​၏​ဆု​တောင်း​ချက်​များ​ထဲ​တွင် သင့်​ကို​အ​စဉ်​သ​တိ​ရ​လျက် ငါ​၏​ဘု​ရား​သ​ခင်​ကို ကျေး​ဇူး​တင်​၏။

5 အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ယေ​ရှု​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ်​၌ သင်​ထား​ရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​ကို ငါ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။

6 ထို့​ကြောင့် ခ​ရစ်​တော်​အ​တွက် ငါ​တို့​၌​ရှိ​သည့် ကောင်း​သော​အ​ရာ​အား​လုံး​တို့​ကို သိ​ခြင်း​အား​ဖြင့် သင်​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​သည် ထိ​ရောက်​မှု​ရှိ​သော​အ​ရာ​ဖြစ်​လာ​ရန် ငါ​ဆု​တောင်း​၏။

7 ငါ့​ညီ၊ သန့်​ရှင်း​သူ​တို့​၏​စိတ်​နှ​လုံး​သည် သင့်​အား​ဖြင့် ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ခံ​စား​ရ​ပြီ​ဖြစ်​၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​နှင့် တိုက်​တွန်း​အား​ပေး​ခြင်း​တို့​ကို ငါ​ခံ​စား​ရ​၏။

သြ​နေ​သိမ်​အ​တွက် တောင်း​ပန်​ခြင်း

8 ထို့​ကြောင့် ငါ​သည် သင်​ပြု​သင့်​သည့်​အ​ရာ​ကို​ပြု​ရန် အ​မိန့်​ပေး​နိုင်​သည်​ဟု ခ​ရစ်​တော်​အား​ဖြင့် ယုံ​ကြည်​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​ရှိ​သော်​လည်း

9 ချစ်​ခြင်း​မေတ္တာ​အား​ဖြင့် သင့်​အား တောင်း​ပန်​ခြင်း​အ​မှု​ကို​သာ​ပြု​ပါ​၏။ ဤ​သို့ အို​မင်း​သူ​ဖြစ်​ပြီး ယ​ခု​မူ​ကား ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​လည်း​ဖြစ်​သည့် ငါ​ပေါ​လု​သည်

10 အ​ချုပ်​အ​နှောင်​ခံ​ရ​စဉ် ငါ့​သား​ဖြစ်​လာ​သော​ဩ​နေ​သိမ်​အ​တွက် သင့်​ကို​တောင်း​ပန်​ပါ​၏။

11 သူ​သည် ယ​ခင်​က သင့်​အ​တွက် အ​သုံး​မ​ဝင်​သူ​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​မူ​ကား သင့်​အ​တွက်​ရော ငါ့​အ​တွက်​ပါ အ​သုံး​ဝင်​သူ​ဖြစ်​လာ​၏။

12 သူ့​ကို သင့်​ထံ​သို့ ငါ​ပြန်​ပို့​လိုက်​၏။ သူ​သည် ငါ​၏​အ​သည်း​နှ​လုံး​ဖြစ်​၏။

13 ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အ​ချုပ်​အ​နှောင်​ခံ​ရ​စဉ် သင့်​ကိုယ်​စား ငါ့​ကို​ကူ​ညီ​ဆောင်​ရွက်​ပေး​နိုင်​ရန် သူ့​ကို ငါ့​ထံ​၌ ခေါ်​ထား​လို​ပါ​၏။

14 သို့​သော် သင်​ပြု​သော​ကောင်း​မှု​သည် မ​လွှဲ​မ​ရှောင်​သာ​၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိ​မိ​ဆန္ဒ​အ​လျောက်​ဖြစ်​စေ​ရန် သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ပါ​လျှင် မည်​သည့်​အ​ရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။

15 သူ​သည် သင်​နှင့် ခေတ္တ​ခ​ဏ​ကွဲ​ကွာ​ခဲ့​ခြင်း​မှာ သင်​သည် သူ့​ကို ထာ​ဝ​စဉ်​ရ​ရှိ​နိုင်​ရန်​အ​တွက် ဖြစ်​ကောင်း​ဖြစ်​လိမ့်​မည်။

16 ထို​သို့​ဆို​ရာ​၌ ကျွန်​တစ်​ဦး​ကဲ့​သို့​မ​ဟုတ်​တော့​ဘဲ ကျွန်​ထက် ပို​၍​မြတ်​သည့် ချစ်​သော​ညီ​အစ်​ကို​အ​ဖြစ် ရ​ရှိ​ခြင်း​ကို​ဆို​လို​၏။ အ​ထူး​သ​ဖြင့် ငါ့​အ​တွက် ထို​သို့​ဖြစ်​လေ​ပြီ။ သင့်​အ​တွက်​မူ​ကား သွေး​သား​၌​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​၌​လည်း​ကောင်း မည်​မျှ​ပို​၍ ထို​ကဲ့​သို့​ဖြစ်​လိမ့်​မည်​နည်း။

17 သို့​ဖြစ်​၍ သင်​သည် ငါ့​ကို လုပ်​ဖော်​ဆောင်​ဖက်​အ​ဖြစ်​မှတ်​ယူ​လျှင် ငါ့​ကို​လက်​ခံ​သ​ကဲ့​သို့ သူ့​ကို​လက်​ခံ​ပါ​လော့။

18 အ​ကယ်​၍ သူ​သည် သင့်​အ​ပေါ်​၌ ပြစ်​မှား​ခြင်း၊ အ​ကြွေး​တင်​ခြင်း တစ်​စုံ​တစ်​ခု​ရှိ​လျှင် ထို​အ​ရာ​ကို ငါ့​တာ​ဝန်​ထား​လော့။

19 ငါ​ပေါ​လု​သည် ပြန်​လည်​ပေး​ဆပ်​ပါ​မည်​ဟု ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ သင်​ကိုယ်​တိုင်​လည်း ငါ့​အား အ​ကြွေး​တင်​နေ​ကြောင်း​ကို ငါ​မ​ပြော​လို​ပါ။

20 ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သ​ခင်​ဘု​ရား​၌ သင့်​ထံ​မှ အ​ကျိုး​ကျေး​ဇူး​ကို​ရ​ရှိ​လို​ပါ​၏။ ခ​ရစ်​တော်​အား​ဖြင့် ငါ​၏​စိတ်​နှ​လုံး​ကို ငြိမ်​သက်​ချမ်း​သာ​စေ​ပါ​လော့။

21 သင်​၏​နာ​ခံ​ခြင်း​ကို ယုံ​ကြည်​စိတ်​ချ​၍ ငါ​ပြော​သော​အ​ရာ​ထက်​ပင် သင်​ပို​၍​ပြု​မည်​ကို သိ​လျက် သင့်​ထံ​သို့ ငါ​စာ​ရေး​လိုက်​ပါ​၏။

22 တစ်​ချိန်​တည်း​မှာ​ပင် ငါ့​အ​တွက် တည်း​ခို​စ​ရာ​နေ​ရာ​ကို​လည်း ပြင်​ဆင်​ထား​ပါ​လော့။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ဆု​တောင်း​ခြင်း​အား​ဖြင့် သင်​တို့​ထံ​သို့​ရောက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​နေ​၏။

နောက်​ဆုံး​နှုတ်​ဆက်​ခြင်း

23 ခ​ရစ်​တော်​ယေ​ရှု​၌ ငါ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​ရ​သူ ဧ​ပ​ဖြ​မှ​စ​၍

24 ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​သည့် မာ​ကု၊ အာ​ရိတ္တာ​ခု၊ ဒေ​မ​နှင့် လု​ကာ​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ​ပါ​၏။

25 သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

အခန်းကြီး

1