ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 1 MSB

သား​တော်​၏​ဂုဏ်​တော်​များ

1 ရှေး​ကာ​လ​တွင် ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက်​များ​အား​ဖြင့် ဘိုး​ဘေး​တို့​အား ကာ​လ​အ​ပိုင်း​အ​ခြား​အ​မျိုး​မျိုး​တို့​၌ နည်း​မျိုး​စုံ​ဖြင့် စ​ကား​ပြော​တော်​မူ​၏။

2 ဤ​နောက်​ဆုံး​သော​နေ့​ရက်​များ​တွင် ငါ​တို့​ကို သား​တော်​အား​ဖြင့် စ​ကား​ပြော​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​သား​တော်​အား အ​ရာ​ခပ်​သိမ်း​ကို အ​မွေ​ဆက်​ခံ​သူ​အ​ဖြစ်​ခန့်​ထား​၍ လော​က​ဓာတ်​တို့​ကို​လည်း သား​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​၏။

3 သား​တော်​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်​တို့​ကို ထင်​ဟပ်​သော​ပုံ​သဏ္ဌာန်​ဖြစ်​တော်​မူ​ပြီး မိ​မိ​၏​တန်​ခိုး​နှင့်​ပြည့်​စုံ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​ရာ​ခပ်​သိမ်း​ကို​တည်​စေ​၍ အ​ပြစ်​များ​အ​တွက် စင်​ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီး​လျှင် အ​ထက်​ကောင်း​ကင်​၌ ဘုန်း​တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​တွင် ထိုင်​တော်​မူ​၏။

ကောင်း​ကင်​တ​မန်​တို့​ထက် ကြီး​မြတ်​သော​သား​တော်

4 သား​တော်​သည် ကောင်း​ကင်​တ​မန်​တို့​၏​ဘွဲ့​နာ​မ​ထက် ထူး​မြတ်​သော​ဘွဲ့​နာ​မ​ကို ဆက်​ခံ​ရ​ရှိ​သည်​နှင့်​အ​မျှ သူ​တို့​ထက် ကြီး​မြတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။

5 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မည်​သည့်​ကောင်း​ကင်​တ​မန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖွား​မြင်​စေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ “ငါ​သည် သူ​၏​အ​ဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်”​ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​ခဲ့​ဖူး​သ​နည်း။

6 တစ်​ဖန် သား​ဦး​ကို ဤ​ကမ္ဘာ​လော​က​ထဲ​သို့ ခေါ်​ဆောင်​လာ​သော​အ​ခါ “ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည် ထို​အ​ရှင်​ကို ရှိ​ခိုး​ရ​မည်”​ဟု မိန့်​တော်​မူ​ပြီး

7 ကောင်း​ကင်​တ​မန်​များ​နှင့်​ပတ်​သက်​၍ “ကိုယ်​တော်​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​၏​အ​မှု​ကို​ထမ်း​ဆောင်​သူ​တို့​အား မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​၏”​ဟု မိန့်​တော်​မူ​၏။

8 သို့​သော် သား​တော်​နှင့်​ပတ်​သက်​၍​မူ​ကား “အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ပလ္လင်​သည် ကမ္ဘာ​အ​ဆက်​ဆက်​တည်​၍ ဖြောင့်​မှန်​သော​အုပ်​ချုပ်​မှု​သည် ကိုယ်​တော့်​နိုင်​ငံ​တော်​၏​အုပ်​ချုပ်​မှု​ဖြစ်​ပါ​၏။

9 ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​ကို​နှစ်​သက်​တော်​မူ​၍ တ​ရား​မဲ့​ခြင်း​ကို​မုန်း​တော်​မူ​၏။ ထို့​ကြောင့် ကိုယ်​တော်​၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​၏​အ​ပေါင်း​အ​ဖော်​များ​ထက် ကိုယ်​တော်​ကို ရွှင်​မြူး​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​၏။”

10 တစ်​ဖန် “အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စ​အ​ဦး​၌ မြေ​ကြီး​ကို​တည်​တော်​မူ​၍ ကောင်း​ကင်​တို့​သည်​လည်း ကိုယ်​တော်​၏​လက်​ရာ​တော်​ဖြစ်​ပါ​၏။

11 ထို​အ​ရာ​တို့​သည် ပျက်​စီး​သွား​သော်​လည်း ကိုယ်​တော်​သည် ဆက်​၍​တည်​ပါ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ဝတ်​ကဲ့​သို့​ဟောင်း​နွမ်း​ကြ​လိမ့်​မည်။

12 ကိုယ်​တော်​သည် ထို​အ​ရာ​တို့​ကို ခြုံ​ထည်​သ​ကဲ့​သို့​လိပ်​တော်​မူ​သ​ဖြင့် ၎င်း​တို့​သည် အ​ဝတ်​ကဲ့​သို့​ပြောင်း​လဲ​ကြ​လိမ့်​မည်။ ကိုယ်​တော်​မူ​ကား ပြောင်း​လဲ​တော်​မ​မူ​ပါ။ ကိုယ်​တော်​၏​သက်​တမ်း​သည်​လည်း ကုန်​ဆုံး​မည်​မ​ဟုတ်​ပါ”​ဟု မိန့်​တော်​မူ​၏။

13 ထို့​ပြင် ဘု​ရား​သ​ခင်​သည်​မည်​သည့်​ကောင်း​ကင်​တ​မန်​အား “သင့်​ရန်​သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အ​ဖြစ် ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့”​ဟု မိန့်​တော်​မူ​ခဲ့​ဖူး​သ​နည်း။

14 ကောင်း​ကင်​တ​မန်​အား​လုံး​တို့​သည် ကယ်​တင်​ခြင်း​ကို​အ​မွေ​ဆက်​ခံ​မည့်​သူ​များ​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် စေ​လွှတ်​ခြင်း​ခံ​ရ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13