ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1:16-22 MSB

16 ထို​သို့​ဆို​ရာ​၌ ကျွန်​တစ်​ဦး​ကဲ့​သို့​မ​ဟုတ်​တော့​ဘဲ ကျွန်​ထက် ပို​၍​မြတ်​သည့် ချစ်​သော​ညီ​အစ်​ကို​အ​ဖြစ် ရ​ရှိ​ခြင်း​ကို​ဆို​လို​၏။ အ​ထူး​သ​ဖြင့် ငါ့​အ​တွက် ထို​သို့​ဖြစ်​လေ​ပြီ။ သင့်​အ​တွက်​မူ​ကား သွေး​သား​၌​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​၌​လည်း​ကောင်း မည်​မျှ​ပို​၍ ထို​ကဲ့​သို့​ဖြစ်​လိမ့်​မည်​နည်း။

17 သို့​ဖြစ်​၍ သင်​သည် ငါ့​ကို လုပ်​ဖော်​ဆောင်​ဖက်​အ​ဖြစ်​မှတ်​ယူ​လျှင် ငါ့​ကို​လက်​ခံ​သ​ကဲ့​သို့ သူ့​ကို​လက်​ခံ​ပါ​လော့။

18 အ​ကယ်​၍ သူ​သည် သင့်​အ​ပေါ်​၌ ပြစ်​မှား​ခြင်း၊ အ​ကြွေး​တင်​ခြင်း တစ်​စုံ​တစ်​ခု​ရှိ​လျှင် ထို​အ​ရာ​ကို ငါ့​တာ​ဝန်​ထား​လော့။

19 ငါ​ပေါ​လု​သည် ပြန်​လည်​ပေး​ဆပ်​ပါ​မည်​ဟု ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ သင်​ကိုယ်​တိုင်​လည်း ငါ့​အား အ​ကြွေး​တင်​နေ​ကြောင်း​ကို ငါ​မ​ပြော​လို​ပါ။

20 ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သ​ခင်​ဘု​ရား​၌ သင့်​ထံ​မှ အ​ကျိုး​ကျေး​ဇူး​ကို​ရ​ရှိ​လို​ပါ​၏။ ခ​ရစ်​တော်​အား​ဖြင့် ငါ​၏​စိတ်​နှ​လုံး​ကို ငြိမ်​သက်​ချမ်း​သာ​စေ​ပါ​လော့။

21 သင်​၏​နာ​ခံ​ခြင်း​ကို ယုံ​ကြည်​စိတ်​ချ​၍ ငါ​ပြော​သော​အ​ရာ​ထက်​ပင် သင်​ပို​၍​ပြု​မည်​ကို သိ​လျက် သင့်​ထံ​သို့ ငါ​စာ​ရေး​လိုက်​ပါ​၏။

22 တစ်​ချိန်​တည်း​မှာ​ပင် ငါ့​အ​တွက် တည်း​ခို​စ​ရာ​နေ​ရာ​ကို​လည်း ပြင်​ဆင်​ထား​ပါ​လော့။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ဆု​တောင်း​ခြင်း​အား​ဖြင့် သင်​တို့​ထံ​သို့​ရောက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​နေ​၏။