4 သင်တို့အတွက် ကောင်းကင်ဘုံ၌ထိန်းသိမ်းထားသည့် ယိုယွင်းပျက်စီးခြင်း၊ ညစ်ညူးခြင်းနှင့် မှေးမှိန်ခြင်းတို့မရှိသော အမွေတော်ထဲသို့လည်းကောင်း အသစ်တစ်ဖန်မွေးဖွားစေတော်မူ၏။
5 သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
6 သင်တို့သည် ယခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကြောင့် ခေတ္တခဏဝမ်းနည်းရလျှင်လည်း အထက်၌ဆိုခဲ့ပြီးသောအကြောင်းကြောင့် ရွှင်မြူးခြင်းရှိကြ၏။
7 ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သောသင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ ရောက်မည့်အကြောင်းတည်း။
8 သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
9 ဤသည်ကား သင်တို့၏ယုံကြည်ခြင်းအကျိုးရလဒ်တည်းဟူသော စိတ်ဝိညာဉ်ကယ်တင်ခြင်းကို ရရှိကြသောကြောင့်ဖြစ်၏။
10 သင်တို့ခံစားရမည့်ကျေးဇူးတော်နှင့်ပတ်သက်၍ ဟောပြောခဲ့သည့်ပရောဖက်တို့သည် ထိုကယ်တင်ခြင်းအကြောင်းကို ရှာဖွေစူးစမ်းခဲ့ကြ၏။