ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:6-12 MSB

6 သင်​တို့​သည် ယ​ခု​အ​ချိန်​တွင် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး​ကြောင့် ခေတ္တ​ခ​ဏ​ဝမ်း​နည်း​ရ​လျှင်​လည်း အ​ထက်​၌​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​ကြောင့် ရွှင်​မြူး​ခြင်း​ရှိ​ကြ​၏။

7 ဤ​သည်​ကား မီး​ဖြင့်​စစ်​ဆေး​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော်​လည်း ပျက်​စီး​တတ်​သည့်​ရွှေ​ထက် များ​စွာ​အ​ဖိုး​တန်​သော​သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​သည် ယေ​ရှု​ခ​ရစ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ချိန်​၌ ချီး​မွမ်း​ခြင်း၊ ဘုန်း​အ​သ​ရေ​နှင့် ဂုဏ်​သ​ရေ​အ​ဖြစ်​သို့ ရောက်​မည့်​အ​ကြောင်း​တည်း။

8 သင်​တို့​သည် ထို​သ​ခင်​ကို မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ​၏။ ထို​သ​ခင်​ကို ယ​ခု​မ​မြင်​သော်​လည်း ယုံ​ကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်း​မြောက်​ခြင်း​ဖြင့် ရွှင်​မြူး​လျက် ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

9 ဤ​သည်​ကား သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကျိုး​ရ​လဒ်​တည်း​ဟူ​သော စိတ်​ဝိ​ညာဉ်​ကယ်​တင်​ခြင်း​ကို ရ​ရှိ​ကြ​သော​ကြောင့်​ဖြစ်​၏။

10 သင်​တို့​ခံ​စား​ရ​မည့်​ကျေး​ဇူး​တော်​နှင့်​ပတ်​သက်​၍ ဟော​ပြော​ခဲ့​သည့်​ပ​ရော​ဖက်​တို့​သည် ထို​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ရှာ​ဖွေ​စူး​စမ်း​ခဲ့​ကြ​၏။

11 သူ​တို့​အ​ထဲ​၌​ရှိ​သော ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ခ​ရစ်​တော်​၏​ဒုက္ခ​ဝေ​ဒ​နာ​များ​နှင့် ထို​ဝေ​ဒ​နာ​များ​နောက်​တွင်​ဖြစ်​လာ​မည့် ဘုန်း​အ​သ​ရေ​တို့​အ​ကြောင်း​ကို ကြို​တင်​သက်​သေ​ခံ​သော​အ​ခါ မည်​သူ သို့​မ​ဟုတ် မည်​သည့်​အ​ချိန်​ကို​ဆို​လို​ကြောင်း သူ​တို့​စူး​စမ်း​လေ့​လာ​ကြ​၏။

12 ထို​အ​ခါ သူ​တို့​ပြု​စု​သော​အ​ရာ​တို့​သည် မိ​မိ​တို့​အ​တွက်​မ​ဟုတ်​ဘဲ သင်​တို့​အ​တွက်​ဖြစ်​ကြောင်း သူ​တို့​အား​ဖွင့်​ပြ​တော်​မူ​၏။ ယ​ခု ထို​အ​ရာ​တို့​သည် ကောင်း​ကင်​ဘုံ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​သော​သူ​များ​မှ​တစ်​ဆင့် သင်​တို့​ထံ ဖော်​ပြ​ခြင်း​ခံ​ရ​ပြီ။ ကောင်း​ကင်​တ​မန်​တို့​ပင်​လျှင် ထို​အ​ရာ​တို့​ကို​ကြည့်​ရှု​ရန် အ​လွန်​အ​လို​ရှိ​ကြ​၏။