ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:1-6 MSB

1 ထို့​ကြောင့် မ​ကောင်း​မှု​အ​မျိုး​မျိုး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​စဉ်း​လဲ​ခြင်း၊ သူ​တော်​ကောင်း​ယောင်​ဆောင်​ခြင်း၊ မ​လို​မုန်း​ထား​ခြင်း​နှင့် ပုတ်​ခတ်​ပြော​ဆို​ခြင်း​အ​လုံး​စုံ​တို့​ကို ဖယ်​ရှား​ကြ​လော့။

2-3 သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း သင်​တို့​မြည်း​စမ်း​ကြ​ပြီ​ဖြစ်​၍ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​နို့​ရည်​အ​စစ်​အား​ဖြင့် ကယ်​တင်​ခြင်း​၌​ကြီး​ထွား​ရန် မွေး​ကင်း​စ​က​လေး​ငယ်​များ​ကဲ့​သို့ ထို​နို့​ရည်​ကို​တောင့်​တ​ကြ​လော့။

4 လူ​တို့​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​သော်​လည်း ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော အ​ဖိုး​ထိုက်​သည့် အ​သက်​ရှင်​သော​ကျောက်​ဖြစ်​တော်​မူ​သော ထို​သ​ခင်​ထံ​သို့​လာ​၍

5 သင်​တို့​ကိုယ်​တိုင်​သည်​လည်း အ​သက်​ရှင်​သော​ကျောက်​ကဲ့​သို့ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​အိမ်​တော်​အ​ဖြစ် တည်​ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤ​သည်​ကား သင်​တို့​သည် သန့်​ရှင်း​သော​ယဇ်​ပု​ရော​ဟိတ်​မျိုး​ဖြစ်​လျက် ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ယဇ်​များ​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ပူ​ဇော်​နိုင်​ရန် ဖြစ်​၏။

6 အ​ဘယ်​ကြောင့်​ဆို​သော် “ကြည့်​ရှု​လော့။ ရွေး​ကောက်​ထား​သည့် အ​ဖိုး​ထိုက်​သော​ထောင့်​ချုပ်​ကျောက်​ကို ဇိ​အုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံ​ကြည်​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ အ​ရှက်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ကျမ်း​စာ​၌ ဆို​ထား​၏။