1 ထို့ကြောင့် မကောင်းမှုအမျိုးမျိုးနှင့်တကွ ရှိသမျှသောစဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းအလုံးစုံတို့ကို ဖယ်ရှားကြလော့။
2-3 သခင်ဘုရားသည် ကျေးဇူးပြုတော်မူကြောင်း သင်တို့မြည်းစမ်းကြပြီဖြစ်၍ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်အားဖြင့် ကယ်တင်ခြင်း၌ကြီးထွားရန် မွေးကင်းစကလေးငယ်များကဲ့သို့ ထိုနို့ရည်ကိုတောင့်တကြလော့။
4 လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍
5 သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
6 အဘယ်ကြောင့်ဆိုသော် “ကြည့်ရှုလော့။ ရွေးကောက်ထားသည့် အဖိုးထိုက်သောထောင့်ချုပ်ကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ ဆိုထား၏။
7 သို့ဖြစ်၍ ထိုကျောက်သည် ယုံကြည်သောသင်တို့အတွက် ဂုဏ်သရေဖြစ်၏။ မယုံကြည်သောသူတို့အတွက်မူကား “တိုက်ဆောက်သူများပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်”ဖြစ်ပြီး