19 အကြောင်းမူကား မည်သူမဆို မတရားသဖြင့် ဒုက္ခဝေဒနာကိုခံစားရသောအခါ ဘုရားသခင်နှင့်ဆိုင်သောအသိစိတ်ကိုထောက်၍ ဝမ်းနည်းခြင်းကိုသည်းခံလျှင် ဂုဏ်ယူဖွယ်ဖြစ်၏။
20 သင်တို့သည် အပြစ်ပြု၍ ရိုက်နှက်ခြင်းခံရသည်ကိုသည်းခံလျှင် မည်သည့်ချီးမွမ်းစရာရှိမည်နည်း။ သို့သော် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရသည်ကိုသည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ဂုဏ်ယူဖွယ်ဖြစ်၏။
21 အမှန်စင်စစ် သင်တို့သည် ဤအတွက် ခေါ်ယူတော်မူခြင်းခံရ၏။ အကြောင်းမူကား ခရစ်တော်သည်လည်း သင်တို့ကို မိမိခြေရာတော်အတိုင်းလိုက်လျှောက်စေရန် သင်တို့ကိုယ်စား ဒုက္ခဝေဒနာခံစားရလျက် သင်တို့အတွက် စံနမူနာကိုထားပေးတော်မူ၏။
22 ကိုယ်တော်သည် အပြစ်ကိုမပြု။ ကိုယ်တော်၏နှုတ်တော်၌ မုသားကိုမတွေ့ရ။
23 ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ပြန်၍မတုံ့ပြန်၊ ဒုက္ခဝေဒနာခံစားရသောအခါ၌လည်း ခြိမ်းခြောက်ခြင်းကိုမပြုဘဲ ဖြောင့်မတ်စွာတရားစီရင်တော်မူသောအရှင်ထံသို့ မိမိကိုယ်ကိုအပ်နှံတော်မူ၏။
24 ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
25 သင်တို့သည် လမ်းလွဲသောသိုးများကဲ့သို့ဖြစ်ကြ၏။ ယခုမူကား သိုးထိန်းဖြစ်တော်မူ၍ သင်တို့၏စိတ်ဝိညာဉ်ကိုကြီးကြပ်သူဖြစ်တော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ။