ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:21-25 MSB

21 အ​မှန်​စင်​စစ် သင်​တို့​သည် ဤ​အ​တွက် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​၏။ အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည်​လည်း သင်​တို့​ကို မိ​မိ​ခြေ​ရာ​တော်​အ​တိုင်း​လိုက်​လျှောက်​စေ​ရန် သင်​တို့​ကိုယ်​စား ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​လျက် သင်​တို့​အ​တွက် စံ​န​မူ​နာ​ကို​ထား​ပေး​တော်​မူ​၏။

22 ကိုယ်​တော်​သည် အ​ပြစ်​ကို​မ​ပြု။ ကိုယ်​တော်​၏​နှုတ်​တော်​၌ မု​သား​ကို​မ​တွေ့​ရ။

23 ပုတ်​ခတ်​ပြော​ဆို​ခြင်း​ခံ​ရ​သော​အ​ခါ ပြန်​၍​မ​တုံ့​ပြန်၊ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​သော​အ​ခါ​၌​လည်း ခြိမ်း​ခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ထံ​သို့ မိ​မိ​ကိုယ်​ကို​အပ်​နှံ​တော်​မူ​၏။

24 ငါ​တို့​သည် အ​ပြစ်​အ​ရာ​၌ သေ​ဆုံး​၍ ဖြောင့်​မတ်​ခြင်း​အ​ရာ​၌ အ​သက်​ရှင်​မည့်​အ​ကြောင်း ကိုယ်​တော်​သည် သစ်​တိုင်​ပေါ်​တွင် ငါ​တို့​အ​ပြစ်​များ​ကို မိ​မိ​၏​ကိုယ်​ခန္ဓာ​၌ ကိုယ်​တော်​တိုင်​ဆောင်​ယူ​တော်​မူ​၏။ သင်​တို့​သည် ကိုယ်​တော်​၏​ဒဏ်​ချက်​တော်​အား​ဖြင့် အ​နာ​ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ရှိ​ကြ​၏။

25 သင်​တို့​သည် လမ်း​လွဲ​သော​သိုး​များ​ကဲ့​သို့​ဖြစ်​ကြ​၏။ ယ​ခု​မူ​ကား သိုး​ထိန်း​ဖြစ်​တော်​မူ​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​ကြီး​ကြပ်​သူ​ဖြစ်​တော်​မူ​သော​အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။