ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:2-3-9 MSB

2-3 သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း သင်​တို့​မြည်း​စမ်း​ကြ​ပြီ​ဖြစ်​၍ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​နို့​ရည်​အ​စစ်​အား​ဖြင့် ကယ်​တင်​ခြင်း​၌​ကြီး​ထွား​ရန် မွေး​ကင်း​စ​က​လေး​ငယ်​များ​ကဲ့​သို့ ထို​နို့​ရည်​ကို​တောင့်​တ​ကြ​လော့။

4 လူ​တို့​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​သော်​လည်း ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော အ​ဖိုး​ထိုက်​သည့် အ​သက်​ရှင်​သော​ကျောက်​ဖြစ်​တော်​မူ​သော ထို​သ​ခင်​ထံ​သို့​လာ​၍

5 သင်​တို့​ကိုယ်​တိုင်​သည်​လည်း အ​သက်​ရှင်​သော​ကျောက်​ကဲ့​သို့ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​အိမ်​တော်​အ​ဖြစ် တည်​ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤ​သည်​ကား သင်​တို့​သည် သန့်​ရှင်း​သော​ယဇ်​ပု​ရော​ဟိတ်​မျိုး​ဖြစ်​လျက် ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ယဇ်​များ​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ပူ​ဇော်​နိုင်​ရန် ဖြစ်​၏။

6 အ​ဘယ်​ကြောင့်​ဆို​သော် “ကြည့်​ရှု​လော့။ ရွေး​ကောက်​ထား​သည့် အ​ဖိုး​ထိုက်​သော​ထောင့်​ချုပ်​ကျောက်​ကို ဇိ​အုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံ​ကြည်​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ အ​ရှက်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ကျမ်း​စာ​၌ ဆို​ထား​၏။

7 သို့​ဖြစ်​၍ ထို​ကျောက်​သည် ယုံ​ကြည်​သော​သင်​တို့​အ​တွက် ဂုဏ်​သ​ရေ​ဖြစ်​၏။ မ​ယုံ​ကြည်​သော​သူ​တို့​အ​တွက်​မူ​ကား “တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်​လည်း ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​သော​ကျောက်”​ဖြစ်​ပြီး

8 “ခ​လုတ်​တံ​သင်း​ဖြစ်​သော​ကျောက်၊ မှား​ယွင်း​စေ​သော​ကျောက်”​ဖြစ်​၏။ သူ​တို့​သည် နှုတ်​က​ပတ်​တ​ရား​ကို မ​ယုံ​ကြည်​သော​ကြောင့် ခ​လုတ်​တိုက်​ကြ​၏။ ထို​သို့​ဖြစ်​ရန် သူ​တို့​ကို သတ်​မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။

9 သင်​တို့​မူ​ကား ရွေး​ကောက်​ခံ​ရ​သော​အ​မျိုး​အ​နွယ်၊ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​တိုင်း​သူ​ပြည်​သား၊ ပိုင်​ဆိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ဤ​သည်​ကား သင်​တို့​ကို အ​မှောင်​ထဲ​မှ မိ​မိ​၏​အံ့​ဩ​ဖွယ်​အ​လင်း​ထဲ​သို့ ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​များ​ကို သင်​တို့​ဖော်​ပြ​ကြ​မည့်​အ​ကြောင်း​တည်း။