ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ 1:1-6 MSB

1 ယေ​ရှု​ခ​ရစ်​တော်​၏​အ​စေ​အ​ပါး၊ ယာ​ကုပ်​၏​ညီ ငါ​ယု​ဒ​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံ​စား​ရ​၍ ယေ​ရှု​ခ​ရစ်​တော်​၏​စောင့်​ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2 က​ရု​ဏာ​တော်၊ ငြိမ်​သက်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​သည် သင်​တို့​၌ တိုး​ပွား​ပါ​စေ​သော။

3 ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အား​လုံး​နှင့်​ဆိုင်​သော​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို သင်​တို့​ထံ​ရေး​သား​ပေး​ပို့​ရန် အ​လွန်​ကြိုး​စား​လျက်​နေ​စဉ်​မှာ​ပင် သန့်​ရှင်း​သူ​တို့​ထံ တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​ပေး​အပ်​တော်​မူ​သော​ယုံ​ကြည်​ခြင်း​အ​တွက် ကြိုး​စား​တိုက်​ခိုက်​ကြ​မည့်​အ​ကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်​တွန်း​နှိုး​ဆော်​ရန် လို​အပ်​သည်​ဟု ငါ​တွေ့​ရ​၏။

4 အ​ကြောင်း​မူ​ကား ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍ တစ်​ပါး​တည်း​သော​အ​ရှင်​ဖြစ်​တော်​မူ​သော ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို ငြင်း​ပယ်​ကြ​သည့် ဘု​ရား​တ​ရား​မဲ့​သော​သူ​အ​ချို့​တို့​သည် တိတ်​တ​ခိုး​ဝင်​ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်​ဟု ရှေး​ယ​ခင်​က​ပင် ရေး​ထား​လေ​ပြီ။

5 သင်​တို့​သည် ဤ​အ​ရာ​အား​လုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်​လည်း သင်​တို့​ကို ငါ​သ​တိ​ပေး​နှိုး​ဆော်​လို​သည်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တော်​ကို အီ​ဂျစ်​ပြည်​မှ အ​ပြီး​အ​ပိုင်​ကယ်​လွှတ်​တော်​မူ​ပြီး​နောက် မ​ယုံ​ကြည်​သော​သူ​တို့​ကို တစ်​ဖန်​ဖျက်​ဆီး​တော်​မူ​၏။

6 ထို့​ပြင် မိ​မိ​တို့​၏​မူ​လ​အ​ခွင့်​အာ​ဏာ​ကို​မ​ထိန်း​သိမ်း​ဘဲ မိ​မိ​တို့​စံ​ရာ​အ​ရပ်​ကို စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​အ​တွက် ထာ​ဝ​ရ​အ​ချုပ်​အ​နှောင်​အား​ဖြင့် မှောင်​မည်း​ခြင်း​အောက်​၌ ထိန်း​သိမ်း​ထား​တော်​မူ​၏။