ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ 1 MSB

နိ​ဒါန်း

1 ယေ​ရှု​ခ​ရစ်​တော်​၏​အ​စေ​အ​ပါး၊ ယာ​ကုပ်​၏​ညီ ငါ​ယု​ဒ​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံ​စား​ရ​၍ ယေ​ရှု​ခ​ရစ်​တော်​၏​စောင့်​ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2 က​ရု​ဏာ​တော်၊ ငြိမ်​သက်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​သည် သင်​တို့​၌ တိုး​ပွား​ပါ​စေ​သော။

ဤ​စာ​ကို​ရေး​သား​ရ​သည့်​ရည်​ရွယ်​ချက်

3 ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အား​လုံး​နှင့်​ဆိုင်​သော​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို သင်​တို့​ထံ​ရေး​သား​ပေး​ပို့​ရန် အ​လွန်​ကြိုး​စား​လျက်​နေ​စဉ်​မှာ​ပင် သန့်​ရှင်း​သူ​တို့​ထံ တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​ပေး​အပ်​တော်​မူ​သော​ယုံ​ကြည်​ခြင်း​အ​တွက် ကြိုး​စား​တိုက်​ခိုက်​ကြ​မည့်​အ​ကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်​တွန်း​နှိုး​ဆော်​ရန် လို​အပ်​သည်​ဟု ငါ​တွေ့​ရ​၏။

4 အ​ကြောင်း​မူ​ကား ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍ တစ်​ပါး​တည်း​သော​အ​ရှင်​ဖြစ်​တော်​မူ​သော ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို ငြင်း​ပယ်​ကြ​သည့် ဘု​ရား​တ​ရား​မဲ့​သော​သူ​အ​ချို့​တို့​သည် တိတ်​တ​ခိုး​ဝင်​ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်​ဟု ရှေး​ယ​ခင်​က​ပင် ရေး​ထား​လေ​ပြီ။

ယ​ခင်​နှင့်​ယ​ခု သစ္စာ​ဖောက်​များ

5 သင်​တို့​သည် ဤ​အ​ရာ​အား​လုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်​လည်း သင်​တို့​ကို ငါ​သ​တိ​ပေး​နှိုး​ဆော်​လို​သည်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တော်​ကို အီ​ဂျစ်​ပြည်​မှ အ​ပြီး​အ​ပိုင်​ကယ်​လွှတ်​တော်​မူ​ပြီး​နောက် မ​ယုံ​ကြည်​သော​သူ​တို့​ကို တစ်​ဖန်​ဖျက်​ဆီး​တော်​မူ​၏။

6 ထို့​ပြင် မိ​မိ​တို့​၏​မူ​လ​အ​ခွင့်​အာ​ဏာ​ကို​မ​ထိန်း​သိမ်း​ဘဲ မိ​မိ​တို့​စံ​ရာ​အ​ရပ်​ကို စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​အ​တွက် ထာ​ဝ​ရ​အ​ချုပ်​အ​နှောင်​အား​ဖြင့် မှောင်​မည်း​ခြင်း​အောက်​၌ ထိန်း​သိမ်း​ထား​တော်​မူ​၏။

7 ထို​ကဲ့​သို့​ပင် သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်​ဝန်း​ကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်း​တူ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​၌​ကျင်​လည်​၍ သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သော သွေး​သား​တပ်​မက်​ခြင်း​အ​လို​သို့​လိုက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​မီး​နှင့်​ဆိုင်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လျက် သင်​ခန်း​စာ​ယူ​စ​ရာ​ဖြစ်​လာ​ကြ​၏။

8 ထို​နည်း​တူ ဤ​အိပ်​မက်​မြင်​မက်​တတ်​သော​သူ​တို့​သည်​လည်း ကိုယ်​ကာ​ယ​ကို​ညစ်​ညူး​စေ​လျက် အုပ်​စိုး​ခြင်း​ကို​ဝန်​မ​ခံ​ဘဲ ဘုန်း​အ​သ​ရေ​ရှိ​သော​သူ​ကို စော်​ကား​ပြော​ဆို​တတ်​ကြ​၏။

9 ကောင်း​ကင်​တ​မန်​မင်း​မိက္ခေ​လ​ပင် မာရ်​နတ်​နှင့်​ငြင်း​ခုံ​လျက် မော​ရှေ​၏​ကိုယ်​ခန္ဓာ​နှင့်​ပတ်​သက်​၍ အ​ချေ​အ​တင်​ပြော​ဆို​ကြ​သော​အ​ခါ ရှုတ်​ချ​ပြစ်​တင်​သည့်​စီ​ရင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ “ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ”​ဟူ​၍​သာ ပြော​ဆို​ခဲ့​၏။

10 သူ​တို့​မူ​ကား မိ​မိ​တို့​မ​သိ​သော​အ​ရာ​များ​ကို စော်​ကား​ပြော​ဆို​ကြ​လျက် ဆင်​ခြင်​ဉာဏ်​မ​ရှိ​သော တိ​ရစ္ဆာန်​များ​ကဲ့​သို့ ပင်​ကို​သ​ဘာ​ဝ​အ​ရ​သိ​ထား​သည့်​အ​ရာ​များ​၌​ပင် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ​၏။

11 သူ​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​၍ အ​ခ​ကြေး​ငွေ​အ​တွက် ဗာ​လမ်​၏​မှား​ယွင်း​ခြင်း​ထဲ​သို့​ကျ​ရောက်​သွား​ကာ ကော​ရ​၏​ဆန့်​ကျင်​မှု​မျိုး​၌ ပျက်​စီး​ဆုံး​ရှုံး​ကြ​၏။

သစ္စာ​ဖောက်​များ​၏​ပျက်​စီး​ခြင်း

12 သူ​တို့​သည် သင်​တို့​နှင့်​အ​တူ​စား​သောက်​သော​အ​ခါ ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ မိ​မိ​တို့​အ​တွက်​သာ ဂ​ရု​စိုက်​လျက် သင်​တို့​၏​မေတ္တာ​ပွဲ​၌ အ​စွန်း​အ​ထင်း​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် လေ​၌​လွင့်​ပါ​သွား​သော မိုး​ရေ​မ​ပါ​သည့်​မိုး​တိမ်​များ၊ အ​မြစ်​ပါ​မ​ကျန်​ဆွဲ​နုတ်​ခံ​ရ​၍ နှစ်​ကြိမ်​သေ​သည့် အ​သီး​မ​သီး​သော ဆောင်း​ဦး​ကာ​လ​သစ်​ပင်​များ၊

13 မိ​မိ​တို့​အ​ရှက်​ကို အ​မြှုပ်​ကဲ့​သို့​ပေါ်​စေ​သည့် ပြင်း​ထန်​သော​ပင်​လယ်​လှိုင်း​တံ​ပိုး​များ၊ လှည့်​လည်​သွား​လာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အ​တွက် မှောင်​မည်း​သော​အ​မှောင်​ကို ထာ​ဝ​ရ​ထိန်း​သိမ်း​ထား​လျက်​ရှိ​၏။

14 အာ​ဒံ​မှ ခု​နစ်​ဆက်​မြောက်​သော​မျိုး​ဆက်​ဖြစ်​သည့် ဧ​နောက်​သည်​လည်း သူ​တို့​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​ပြု​ဟော​ပြော​လျက် “ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​တိုင်း​မ​သိ​များ​စွာ​သော မိ​မိ​၏​သန့်​ရှင်း​သူ​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လိမ့်​မည်။

15 ဤ​သည်​ကား လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​ရန်​နှင့် ဘု​ရား​တ​ရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူ​တို့​၏​ဘု​ရား​တ​ရား​မဲ့​ခြင်း​အ​မှု​အ​လုံး​စုံ​အ​တွက်​လည်း​ကောင်း၊ ဘု​ရား​တ​ရား​မဲ့​သော​အ​ပြစ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​သည့် ပြင်း​ထန်​သော​စ​ကား​အ​လုံး​စုံ​အ​တွက်​လည်း​ကောင်း သူ​တို့​အား​လုံး​၏​အ​ပြစ်​ကို​ဖော်​ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

16 သူ​တို့​သည် ညည်း​ညူ​တတ်​သော​သူ၊ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​ရှာ​တတ်​သော​သူ​ဖြစ်​ကြ​ပြီး မိ​မိ​တို့​၏​တပ်​မက်​ခြင်း​အ​တိုင်း လျှောက်​လှမ်း​နေ​ကြ​၏။ သူ​တို့​၏​နှုတ်​သည်​လည်း ချဲ့​ထွင်​ဝါ​ကြွား​ပြော​ဆို​တတ်​၍ ကိုယ်​ကျိုး​အ​တွက် လူ​တို့​ကို​မြှောက်​ပင့်​တတ်​ကြ​၏။

17 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူ​ကား ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​တ​မန်​တော်​များ ကြို​တင်​ပြော​ထား​ခဲ့​သော​စ​ကား​တို့​ကို သ​တိ​ရ​ကြ​လော့။

18 သူ​တို့​က “နောက်​ဆုံး​သော​ကာ​လ​၌ မိ​မိ​တို့​၏​ဘု​ရား​တ​ရား​မဲ့​ခြင်း​နှင့်​ဆိုင်​သော တပ်​မက်​ခြင်း​များ​အ​တိုင်း​လျှောက်​လှမ်း​သည့် ပြက်​ရယ်​ပြု​တတ်​သော​သူ​များ ပေါ်​လာ​ကြ​လိမ့်​မည်”​ဟု သင်​တို့​အား ပြော​ထား​ခဲ့​ကြ​၏။

19 ထို​သူ​တို့​သည် ကွဲ​ပြား​မှု​ကို​ဖြစ်​စေ​သော​သူ၊ ဇာ​တိ​နှင့်​ဆိုင်​သော​သူ၊ ဝိ​ညာဉ်​တော်​ကို​မ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

တိုက်​တွန်း​နှိုး​ဆော်​ခြင်း​နှင့်​ကောင်း​ချီး​ပေး​ခြင်း

20 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူ​ကား မိ​မိ​တို့​၏​အ​လွန်​သန့်​ရှင်း​သော​ယုံ​ကြည်​ခြင်း​အ​ပေါ်​၌ မိ​မိ​တို့​ကိုယ်​ကို​တည်​ဆောက်​လျက် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆု​တောင်း​ကြ​လော့။

21 ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​၌ မိ​မိ​ကိုယ်​ကို​စောင့်​ထိန်း​၍ ထာ​ဝ​ရ​အ​သက်​သို့​ပို့​ဆောင်​သည့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​က​ရု​ဏာ​တော်​ကို စောင့်​မျှော်​ကြ​လော့။

22 သံ​သ​ယ​ရှိ​သော​သူ​တို့​အ​ပေါ်​က​ရု​ဏာ​ထား​ကြ​လော့။

23 အ​ချို့​သော​သူ​တို့​ကို မီး​ထဲ​မှ​ဆွဲ​ထုတ်​ကယ်​တင်​ကြ​လော့။ အ​ချို့​တို့​ကို​မူ သူ​တို့​၏ သွေး​သား​ဇာ​တိ​ဖြင့်​ညစ်​ညူး​စွန်း​ထင်း​နေ​သော​အင်္ကျီ​ကို​ပင်​ရွံ​မုန်း​လျက် ကြောက်​ရွံ့​သော​စိတ်​နှင့်​တ​ကွ သူ​တို့​ကို​က​ရု​ဏာ​ထား​ကြ​လော့။

24 သင်​တို့​အား မှား​ယွင်း​ခြင်း​နှင့်​ကင်း​စေ​ရန် စောင့်​ရှောက်​နိုင်​စွမ်း​ရှိ​တော်​မူ​၍ သင်​တို့​ကို အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​လျက် ရွှင်​မြူး​သော​စိတ်​ဖြင့် ဘုန်း​အ​သ​ရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော

25 ငါ​တို့​၏​ကယ်​တင်​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​၌ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​တော်၊ အာ​နု​ဘော်​တော်၊ တန်​ခိုး​အ​ရှိန်​အ​ဝါ​နှင့် အာ​ဏာ​စက်​တို့​သည် ယ​ခင်​ကာ​လ​အ​စဉ်​အ​ဆက်၊ ယ​ခု​ကာ​လ​နှင့် နောင်​လာ​မည့်​ကာ​လ​အ​စဉ်​အ​ဆက်​ရှိ​တော်​မူ​ပါ​စေ​သော။ အာ​မင်။

အခန်းကြီး

1