ဗျာ​ဒိတ်​ကျမ်း 1 MSB

နိ​ဒါန်း

1 ဤ​သည်​ကား ယေ​ရှု​ခ​ရစ်​တော်​၏​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ဤ​ဗျာ​ဒိတ်​တော်​သည် မ​ကြာ​မီ​အ​တွင်း​ဖြစ်​ပျက်​ရ​မည့်​အ​ရာ​များ​ကို မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ပြ​သ​ရန် ခ​ရစ်​တော်​၌ ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော​အ​ရာ​ဖြစ်​၏။ ခ​ရစ်​တော်​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​၍ မိ​မိ​အ​စေ​အ​ပါး​ယော​ဟန်​အား ဤ​ဗျာ​ဒိတ်​တော်​အ​ရိပ်​အ​ယောင်​ကို ဖော်​ပြ​တော်​မူ​၏။

2 ယော​ဟန်​သည်​လည်း သူ​တွေ့​မြင်​သ​မျှ​သော ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​ခ​ရစ်​တော်​နှင့်​ဆိုင်​သည့် သက်​သေ​ခံ​ချက်​တို့​ကို သက်​သေ​ခံ​လေ​၏။

3 အ​ချိန်​နီး​ကပ်​ပြီ​ဖြစ်​၍ ဤ​ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​ကို ဖတ်​ကြား​သော​သူ​နှင့် ဤ​စ​ကား​ကို​ကြား​နာ​၍ ၎င်း​တွင်​ရေး​ထား​သော​အ​ရာ​များ​ကို လိုက်​နာ​စောင့်​ထိန်း​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

4 ငါ​ယော​ဟန်​သည် အာ​ရှ​ပြည်​ရှိ အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​လျက် နောင်​အ​ခါ​ကြွ​လာ​မည့်​အ​ရှင်​ထံ​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊

5 သစ္စာ​ရှိ​သော​သက်​သေ၊ သေ​သော​သူ​တို့​ထဲ​မှ အ​ဦး​ဆုံး​ဖွား​မြင်​လာ​သူ၊ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​ကို​အုပ်​ချုပ်​သူ ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ​လည်း​ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်​တော်​မူ​၍ မိ​မိ​၏​သွေး​တော်​အား​ဖြင့် ငါ​တို့​အ​ပြစ်​များ​မှ ငါ​တို့​ကို​ဖြေ​လွှတ်​ကာ

6 ငါ​တို့​အား နိုင်​ငံ​တော်​ဖြစ်​စေ​လျက် မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​စေ​တော်​မူ​သော​အ​ရှင်​၌ ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​ရှိ​ပါ​စေ​သော။ အာ​မင်။

7 ကြည့်​ရှု​လော့။ ကိုယ်​တော်​သည် မိုး​တိမ်​များ​ဖြင့်​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​ကို​ထိုး​ဖောက်​ခဲ့​သူ​တို့​မှ​စ​၍ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မျက်​စိ​ဖြင့် ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ လူ​မျိုး​နွယ်​စု​အား​လုံး​သည် ကိုယ်​တော်​ကြောင့် ရင်​ဘတ်​စည်​တီး​လျက်​မြည်​တမ်း​ကြ​လိမ့်​မည်။ မှန်​ပေ​၏။ အာ​မင်။

8 ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​လျက် နောင်​အ​ခါ​ကြွ​လာ​မည့် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က “ငါ​သည် အာ​လ​ဖာ​နှင့်​အို​မီ​ဂါ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​လူ့​သား​ကို​မြင်​ရ​ခြင်း

9 ယေ​ရှု​၌​ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း သင်​တို့​နှင့်​အ​တူ မျှ​ဝေ​ခံ​စား​သူ​ဖြစ်​သော သင်​တို့​၏​ညီ​အစ်​ကို ငါ​ယော​ဟန်​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​တို့​ကြောင့် ပတ်​မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။

10 သ​ခင်​ဘု​ရား​၏​နေ့​တွင် ငါ​သည် ဝိ​ညာဉ်​တော်​၌​ရှိ​စဉ် တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ ကျယ်​လောင်​သော​အ​သံ​ကို ငါ့​နောက်​၌​ကြား​ရ​၏။

11 ထို​အ​သံ​က “သင်​မြင်​ရ​သော​အ​ရာ​ကို စာ​စောင်​တွင်​ရေး​သား​၍ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့​နှင့် လော​ဒိ​ကိ​မြို့​တို့​၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​ပို့​လော့”​ဟု ဆို​၏။

12 ထို​အ​ခါ ငါ​သည် ငါ့​အား​မြွက်​ဆို​သော​အ​သံ​ပိုင်​ရှင်​ကို​တွေ့​မြင်​ရန် လှည့်​ကြည့်​လိုက်​၏။ ထို​သို့​လှည့်​ကြည့်​လိုက်​ရာ ရွှေ​ဆီ​မီး​ခုံ​ခု​နစ်​ခု​နှင့်

13 ထို​ဆီ​မီး​ခုံ​များ​အ​လယ်​၌ ခြေ​ဖျား​တိုင်​အောင်​ရောက်​သော​ဝတ်​ရုံ​ကို​ဝတ်​ဆင်​လျက် ရင်​ဘတ်​၌ ရွှေ​ရင်​စည်း​ကို​စည်း​ထား​သည့် လူ့​သား​နှင့်​တူ​သော​သူ​တစ်​ဦး​ကို ငါ​မြင်​ရ​၏။

14 ထို​သူ​၏​ဦး​ခေါင်း​နှင့်​ဆံ​ပင်​တို့​သည် ဖြူ​သော​သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ​၍ သူ​၏​မျက်​စိ​တို့​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်​ကြ​၏။

15 သူ​၏​ခြေ​တို့​သည် မီး​ပြင်း​ဖို​တွင်​ချွတ်​၍​သန့်​စင်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၍ သူ​၏​အ​သံ​သည် များ​စွာ​သော​ရေ​ဟုန်​၏​အ​သံ​ကဲ့​သို့​ဖြစ်​၏။

16 သူ​၏​လက်​ယာ​လက်​တွင် ကြယ်​ခု​နစ်​လုံး​ရှိ​၍ သူ​၏​ခံ​တွင်း​မှ အ​သွား​နှစ်​ဖက်​ပါ​သည့် ထက်​သော​သန်​လျက်​ထွက်​နေ​၏။ သူ​၏​မျက်​နှာ​သည် မိ​မိ​အ​ရှိန်​အ​ဝါ​ဖြင့် ထွန်း​လင်း​နေ​သော​နေ​ကဲ့​သို့​ဖြစ်​၏။

17 ငါ​သည် ထို​သူ​ကို​မြင်​ရ​သော​အ​ခါ သူ​၏​ခြေ​ရင်း​၌​လဲ​ကျ​၍ လူ​သေ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ခါ သူ​သည် ငါ့​အ​ပေါ်​၌ သူ​၏​လက်​ယာ​လက်​ကို​တင်​လျက် “မ​ကြောက်​နှင့်။ ငါ​သည် အ​ဦး​ဆုံး​နှင့်​နောက်​ဆုံး​ဖြစ်​၏။

18 အ​သက်​ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့​သော် ကြည့်​ရှု​လော့။ ငါ​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။

19 ထို့​ကြောင့် သင်​မြင်​ခဲ့​ရ​သော​အ​ရာ​များ၊ ယ​ခု​ဖြစ်​နေ​သော​အ​ရာ​များ​နှင့် နောင်​တွင်​ဖြစ်​ပျက်​တော့​မည့်​အ​ရာ​များ​ကို ရေး​ထား​လော့။

20 ငါ​၏​လက်​ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခု​နစ်​လုံး​နှင့်​ရွှေ​ဆီ​မီး​ခုံ​ခု​နစ်​ခု​တို့​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ဓိပ္ပာယ်​မှာ ကြယ်​ခု​နစ်​လုံး​သည် အ​သင်း​တော်​ခု​နစ်​ပါး​၏​စေ​တ​မန်​များ​ဖြစ်​ကြ​ပြီး ဆီ​မီး​ခုံ​ခု​နစ်​ခု​သည် အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22