ဗျာ​ဒိတ်​ကျမ်း 16 MSB

ပ​ထ​မ​အ​မျက်​တော်​ဖ​လား

1 ထို့​နောက် ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​လောင်​သော​အ​သံ​က “သွား​ကြ​လော့။ ဘု​ရား​သ​ခင်​၏​ပြင်း​စွာ​သော​ဒေါ​သ​ဖ​လား​ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့​သွန်း​လောင်း​ကြ​လော့”​ဟု ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။

2 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည် သွား​၍ သူ​၏​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ သား​ရဲ​၏​အ​မှတ်​တံ​ဆိပ်​ရှိ​သော​သူ​နှင့် သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​သော​သူ​များ​၌ အ​လွန်​ဆိုး​ရွား​သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။

ဒု​တိ​ယ​အ​မျက်​တော်​ဖ​လား

3 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ ရေ​သည် သေ​သော​သူ​၏​သွေး​ကဲ့​သို့​ဖြစ်​သွား​၍ ပင်​လယ်​ထဲ​၌​ရှိ​သော သက်​ရှိ​သတ္တ​ဝါ​အား​လုံး​သေ​ကြ​၏။

တ​တိ​ယ​အ​မျက်​တော်​ဖ​လား

4 တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို မြစ်​များ​နှင့် စမ်း​ရေ​များ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ ရေ​သည်​သွေး​ဖြစ်​သွား​လေ​၏။

5 ထို​အ​ခါ ရေ​နှင့်​ဆိုင်​သော​ကောင်း​ကင်​တ​မန်​က “ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​သည့် သန့်​ရှင်း​တော်​မူ​သော​အ​ရှင်၊ ဤ​အ​မှု​အ​ရာ​များ​ကို ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​ကြောင့် ကိုယ်​တော်​သည်​ဖြောင့်​မတ်​ပါ​၏။

6 အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သန့်​ရှင်း​သူ​များ​နှင့် ပ​ရော​ဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်​မူ​ပြီ။ သူ​တို့​သည် ထို​သို့​ခံ​ရ​ရန် ထိုက်​တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

7 ယဇ်​ပလ္လင်​က​လည်း “မှန်​ပါ​၏။ အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် မှန်​ကန်​၍ တ​ရား​မျှ​တ​ပါ​၏”​ဟု ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။

စ​တုတ္ထ​အ​မျက်​တော်​ဖ​လား

8 စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို နေ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ နေ​သည် လူ​တို့​အား မီး​ဖြင့်​လောင်​ရ​သော​အ​ခွင့်​ကို​ရ​၏။

9 လူ​တို့​သည် ပြင်း​ထန်​သော​အ​ပူ​ရှိန်​ကြောင့် နေ​လောင်​ဒဏ်​ခံ​ရ​သ​ဖြင့် ဤ​ဘေး​ဒဏ်​များ​အ​ပေါ်​အ​ခွင့်​အာ​ဏာ​ရှိ​သော ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို စော်​ကား​ပြော​ဆို​၍ နောင်​တ​လည်း​မ​ရ၊ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​လည်း မ​ချီး​မွမ်း​ကြ​ပေ။

ပဉ္စ​မ​အ​မျက်​တော်​ဖ​လား

10 ပဉ္စ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို သား​ရဲ​၏​ပလ္လင်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ သား​ရဲ​၏​နိုင်​ငံ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​သွား​၍ လူ​တို့​သည် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကြောင့် မိ​မိ​တို့​လျှာ​ကို​ကိုက်​ခဲ​ကြ​၏။

11 လူ​တို့​သည် သူ​တို့​ခံ​ရ​သော​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့် သူ​တို့​၏​အ​နာ​စိမ်း​တို့​ကြောင့် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​၍ မိ​မိ​တို့​ပြု​သော​အ​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပေ။

ဆဋ္ဌ​မ​အ​မျက်​တော်​ဖ​လား

12 ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို ကြီး​မား​သော​ယူ​ဖ​ရေး​တီး​မြစ်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ အ​ရှေ့​ပြည်​မှ​ဘု​ရင်​များ​အ​တွက် လမ်း​ကို​ပြင်​ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်း​ခြောက်​သွား​လေ​၏။

13 ထို့​နောက် န​ဂါး​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ သား​ရဲ​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ ပ​ရော​ဖက်​အ​တု​အ​ယောင်​၏​ခံ​တွင်း​မှ​လည်း​ကောင်း ဖား​နှင့်​တူ​သည့် ညစ်​ညူး​သော​ဝိ​ညာဉ်​သုံး​ပါး ထွက်​လာ​သည်​ကို ငါ​မြင်​ရ​၏။

14 ထို​ဝိ​ညာဉ်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​သော နတ်​ဆိုး​တို့​၏​ဝိ​ညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ ဘု​ရင်​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကြီး​နှင့်​ဆိုင်​သော​စစ်​ပွဲ​အ​တွက်​စု​ဝေး​စေ​ရန် ထို​ဘု​ရင်​များ​ထံ​သို့ ထွက်​ခွာ​သွား​ကြ​၏။

15 (ကြည့်​ရှု​လော့။ ငါ​သည် သူ​ခိုး​ကဲ့​သို့​လာ​မည်။ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြင့်​သွား​လာ​၍ မိ​မိ​အ​ရှက်​ကို လူ​တို့​မြင်​ရ​သည့်​အ​ဖြစ်​မျိုး​မ​ရှိ​စေ​ရန် မိ​မိ​အ​ဝတ်​များ​ကို​ထိန်း​သိမ်း​လျက် သ​တိ​နှင့်​စောင့်​နေ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။)

16 ထို​ဝိ​ညာဉ်​တို့​သည် ဘု​ရင်​များ​ကို ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု​ခေါ်​သော​အ​ရပ်​၌ စု​ဝေး​စေ​ကြ​၏။

သတ္တ​မ​အ​မျက်​တော်​ဖ​လား

17 သတ္တ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို အာ​ကာ​သ​ထဲ​သို့​သွန်း​လောင်း​သော​အ​ခါ ဗိ​မာန်​တော်​ထဲ​ရှိ ပလ္လင်​တော်​မှ ကျယ်​လောင်​သော​အ​သံ​ထွက်​ပေါ်​လာ​၍ “အ​မှု​ပြီး​မြောက်​ပြီ”​ဟု ဆို​၏။

18 ထို​အ​ခါ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း​နှင့် မိုး​ချုန်း​ခြင်း​များ​ဖြစ်​ပေါ်​လာ​၍ င​လျင်​ပြင်း​ထန်​စွာ​လှုပ်​လေ​၏။ မြေ​ကြီး​ပေါ်​တွင် လူ​ဖြစ်​ပေါ်​လာ​ချိန်​မှ​စ​၍ ထို​မျှ​လောက်​ကြီး​မား​၍​ပြင်း​ထန်​သော​င​လျင်​မျိုး​သည် မ​ဖြစ်​ခဲ့​ဖူး​ပေ။

19 မြို့​ကြီး​သည် သုံး​ပိုင်း​ကွဲ​သွား​၍ တိုင်း​နိုင်​ငံ​တို့​၏​မြို့​များ​သည်​လည်း ပြို​လဲ​ကြ​ကုန်​၏။ ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​မျက်​တော်​နှင့်​ဆိုင်​သည့် ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​ခွက်​ကို​ပေး​ရန် ဘေ​ဘီ​လုံ​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​၏။

20 ကျွန်း​ရှိ​သ​မျှ​တို့​သည် ပျောက်​လွင့်​သွား​၍ တောင်​များ​ကို​လည်း မ​တွေ့​ရ​တော့​ပေ။

21 ကောင်း​ကင်​မှ​လည်း ပေါင်​တစ်​ရာ​ခန့်​လေး​သော​မိုး​သီး​ကြီး​များ​သည် လူ​တို့​အ​ပေါ်​သို့​ကျ​လေ​၏။ ဤ​ဘေး​ဒဏ်​သည် အ​လွန်​ပြင်း​ထန်​သ​ဖြင့် လူ​တို့​သည် ထို​မိုး​သီး​၏​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22