ဗျာ​ဒိတ်​ကျမ်း 12 MSB

အ​မျိုး​သ​မီး၊ က​လေး​ငယ်​နှင့် န​ဂါး​ကြီး

1 ထို့​နောက် ကောင်း​ကင်​၌ ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​ကို​တွေ့​မြင်​ရ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် နေ​ကို​ဝတ်​ဆင်​လျက် လ​ကို ခြေ​အောက်​၌​နင်း​ထား​ကာ ဦး​ခေါင်း​ပေါ်​တွင် ကြယ်​တစ်​ဆယ့်​နှစ်​လုံး​ပါ​သော​သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။

2 ထို​အ​မျိုး​သ​မီး​သည် ကိုယ်​ဝန်​ဆောင်​၍ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကြောင့် အော်​ဟစ်​လျက် သား​ဖွား​ရန်​မ​ချိ​မ​ဆံ့​ခံ​စား​နေ​၏။

3 တစ်​ဖန် ကောင်း​ကင်​၌ အ​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​ကို​တွေ့​မြင်​ရ​၏။ ခေါင်း​ခု​နစ်​လုံး​နှင့် ဦး​ချို​ဆယ်​ချောင်း​ရှိ​၍ သူ​၏​ခေါင်း​များ​ပေါ်​တွင် သ​ရ​ဖူ​ခု​နစ်​ခု​ကို​ဆောင်း​ထား​သည့် နီ​ရဲ​သော​န​ဂါး​ကြီး​တစ်​ကောင်​ရှိ​၏။

4 သူ​၏​အ​မြီး​သည် ကောင်း​ကင်​ကြယ်​သုံး​ပုံ​တစ်​ပုံ​ကို​ဆွဲ​၍ မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​လိုက်​၏။ ထို​န​ဂါး​သည် သား​ဖွား​တော့​မည့်​အ​မျိုး​သ​မီး​ရှေ့​၌​ရပ်​လျက် သား​ဖွား​သော​အ​ခါ သူ​၏​သား​ကို​ဝါး​မျို​ရန်​စောင့်​နေ​၏။

5 ထို​အ​မျိုး​သ​မီး​သည် လူ​မျိုး​အ​ပေါင်း​တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​ထိန်း​ရ​မည့် သား​ယောက်ျား​ကို​ဖွား​မြင်​၏။ ထို​သား​သည် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​လည်း​ကောင်း၊ ပလ္လင်​တော်​သို့​လည်း​ကောင်း ချီ​ဆောင်​ခြင်း​ကို​ခံ​ရ​၏။

6 ထို​အ​မျိုး​သ​မီး​သည်​လည်း တော​ကန္တာ​ရ​ထဲ​သို့ ထွက်​ပြေး​လေ​၏။ ထို​အ​ရပ်​၌ ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ခြောက်​ဆယ်​တိုင်​တိုင် သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ရန် ဘု​ရား​သ​ခင်​ပြင်​ဆင်​ထား​တော်​မူ​သော နေ​ရာ​တစ်​နေ​ရာ​ရှိ​၏။

ကောင်း​ကင်​ပြင်​ပ​သို့ ပစ်​ချ​ခံ​ရ​သော​န​ဂါး​ကြီး

7 ထို့​နောက် ကောင်း​ကင်​၌ စစ်​ဖြစ်​လေ​၏။ မိက္ခေ​လ​နှင့်​သူ​၏​ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​နှင့်​တိုက်​ခိုက်​ကြ​၏။ န​ဂါး​နှင့်​သူ​၏​စေ​တ​မန်​တို့​သည် ပြန်​လည်​တိုက်​ခိုက်​ကြ​သော်​လည်း

8 အ​နိုင်​မ​ရ​ကြ။ ကောင်း​ကင်​၌​လည်း သူ​တို့​အ​တွက်​နေ​ရာ​မ​ရှိ​တော့​ပေ။

9 ထို​အ​ခါ တစ်​ကမ္ဘာ​လုံး​ကို​လှည့်​ဖြား​၍ မာရ်​နတ်​ဟူ​၍​လည်း​ကောင်း၊ စာ​တန်​ဟူ​၍​လည်း​ကောင်း အ​ခေါ်​ခံ​ရ​သည့် ရှေး​မြွေ​ဟောင်း​တည်း​ဟူ​သော​န​ဂါး​ကြီး​သည် မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လေ​၏။ သူ​နှင့်​အ​တူ သူ​၏​စေ​တ​မန်​တို့​သည်​လည်း ပစ်​ချ​ခြင်း​ခံ​ရ​ကြ​၏။

10 ထို့​နောက် ကောင်း​ကင်​မှ​ကျယ်​လောင်​သော​အ​သံ​က “ငါ​တို့​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း၊ တန်​ခိုး​တော်၊ နိုင်​ငံ​တော်​နှင့် ကိုယ်​တော်​၏​ခ​ရစ်​တော်​၌​ရှိ​သော​အာ​ဏာ​စက်​တို့​သည် ယ​ခု​ပေါ်​ထွန်း​လေ​ပြီ။ အ​ကြောင်း​မူ​ကား ငါ​တို့​၏​ညီ​အစ်​ကို​များ​ကို​စွပ်​စွဲ​သော​သူ​တည်း​ဟူ​သော ငါ​တို့​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ နေ့​ရော​ည​ပါ သူ​တို့​ကို​စွပ်​စွဲ​သော​သူ​သည် ပစ်​ချ​ခြင်း​ခံ​ရ​လေ​ပြီ။

11 ညီ​အစ်​ကို​များ​သည် သိုး​သ​ငယ်​တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​သော​နှုတ်​က​ပတ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ သူ့​ကို​အောင်​နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အ​သေ​ခံ​ရ​သည့်​တိုင်​အောင် မိ​မိ​တို့​အ​သက်​ကို​နှ​မြော​ခြင်း​မ​ရှိ​ကြ။

12 သို့​ဖြစ်​၍ ကောင်း​ကင်​နှင့် ကောင်း​ကင်​၌​စံ​မြန်း​သော​သူ​တို့၊ ပျော်​ရွှင်​ကြ​လော့။ မြေ​ကြီး​နှင့်​ပင်​လယ်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် သူ​၏​အ​ချိန်​အ​နည်း​ငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်း​စွာ​သော​ဒေါ​သ​ဖြင့် သင်​တို့​ထံ​သို့​ဆင်း​လာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

လိုက်​လံ​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​အ​မျိုး​သ​မီး

13 န​ဂါး​သည် မြေ​ကြီး​ပေါ်​သို့ ပစ်​ချ​ခြင်း​ခံ​ရ​သည်​ကို သိ​မြင်​သော​အ​ခါ သား​ယောက်ျား​ကို​ဖွား​မြင်​သော​အ​မျိုး​သ​မီး​အား လိုက်​လံ​ညှဉ်း​ဆဲ​လေ​၏။

14 သို့​သော် ထို​အ​မျိုး​သ​မီး​သည် တော​ကန္တာ​ရ​ထဲ​ရှိ မိ​မိ​၏​နေ​ရာ​အ​ရပ်​သို့ ပျံ​သန်း​သွား​နိုင်​ရန် ကြီး​မား​သော​လင်း​ယုန်​၏​အ​တောင်​နှစ်​ခု​ကို​ရ​ရှိ​၏။ သူ​သည် ထို​အ​ရပ်​တွင် မြွေ​၏​ရှေ့​မှောက်​မှ​လွတ်​၍ တစ်​ကာ​လ၊ နှစ်​ကာ​လ​နှင့် ကာ​လ​တစ်​ဝက်​အ​တွင်း ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ​၏။

15 မြွေ​သည် ထို​အ​မျိုး​သ​မီး​အား ရေ​၌​မျော​ပါ​သွား​စေ​ရန် သူ​၏​နောက်​တွင် ရေ​ကို မြစ်​သ​ဖွယ် မိ​မိ​ခံ​တွင်း​ထဲ​မှ မှုတ်​ထုတ်​လိုက်​၏။

16 သို့​သော် မြေ​ကြီး​သည် ထို​အ​မျိုး​သ​မီး​ကို​ကူ​ညီ​လေ​၏။ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်​၍ န​ဂါး​၏​ခံ​တွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​လိုက်​၏။

17 ထို​အ​ခါ န​ဂါး​သည် ထို​အ​မျိုး​သ​မီး​အ​ပေါ်​အ​မျက်​ထွက်​၍ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သော​သူ​များ​နှင့် ယေ​ရှု​နှင့်​ဆိုင်​သည့်​သက်​သေ​ခံ​ချက်​ကို​ရ​ရှိ​ထား​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​အ​မျိုး​သ​မီး​၏​အ​မျိုး​အ​နွယ်​ထဲ​မှ ကျန်​ရှိ​သော​သူ​တို့​နှင့်​စစ်​တိုက်​ရန် ထွက်​သွား​ပြီး

18 ပင်​လယ်​၏​သဲ​သောင်​ပြင်​ပေါ်​တွင် ရပ်​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22